Wednesday, June 20, 2018

ကွန်ပျူတာ

ကွန်ပျူတာပြဿနာများဖြေရှင်းနိုင်သော  👨‍💻
Advanced Startup ထဲသို့ဝင်ရောက်နည်း(5)နည်း

ကွန်ပျူတာပြုပြင်တဲ့အလုပ်လုပ်ဖို့ ဝါသနာပါသူ၊
လေ့လာနေသူများအတွက် ကွန်ပျူတာက ဘာမှ
လုပ်လို့ မရတော့တဲ့ အခြေနေတွေမှာ နောက်ဆုံး
လက်နက်တစ်ခုဖြစ်တဲ့ Advanced Options ထဲက
Cmd,Reset,Recovery အစရှိသော Advanced
Options များဖြင့် ပြဿနာဖြေရှင်းနိုင်ပါတယ်။

Advanced Startup ထဲကို ဝင်ရောက်နိုင်မယ့် နည်းလမ်း
(5)ခုထဲမှာလည်း ကွန်ပျူတာက ကောင်းနေတဲ့ အချိန်မှာ
ဝင်ရောက်နိုင်မယ့် နည်းလမ်းနဲ့ လုံးဝကို Windows မတက်
နိုင်တော့တဲ့ အချိန်မှာ ဝင်ရောက်နိုင်တဲ့နည်းလမ်းဆိုပြီး
နှစ်ပိုင်းခွဲခြားနိုင်ပါတယ်။ အောက်ဖော်ပြပါ (1 မှ 3) အထိ
နံပါတ်များသည် ကွန်ပျူတာက ကောင်းနေတဲ့အချိန်မှာ
Advanced Startup ထဲကို ဝင်ရောက်သော နည်းလမ်းများ
ဖြစ်ပြီး (4 နဲ့ 5) သည် Windows မတက်နိုင်တော့သည့်
အခါများတွင် ဝင်ရောက်နိုင်သော နည်းလမ်းများဖြစ်ပါတယ်။

1. Settings\Update&Security\Recovery\Advanced Startup\Restart Now

2. Shift Key ကို ဖိနှိပ်ထားပြီး Restart ချလိုက်ပါ။ Shift Key + Restart

3. Search box, Run, Cmd, PowerShell တို့ ထဲက တစ်ခုခုမှာ
အောက်ပါ Command ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။

shutdown /r /o /f /t 00

4. Windows ခွေ သို့ မဟုတ် Recovery Drive တစ်ခုကို
စက်ထဲထည့်ပြီး Boot တက်အောင်လုပ်ပါ။ Install Now ကို
မနှိပ်ပဲ Repair your Computer ကို နှိပ်ဝင်လိုက်ပါ။

5. ကွန်ပျူတာပြဿနာကြုံနေတဲ့အချိန်၊ Preparing Automatic
Repair လိုမျိုး ပြဿနာဖြစ်နေတဲ့ အချိန်မျိုးမှာ Repair ဖြစ်နေတာကို
ခဏစောင့်နေလိုက်ပြီး Couldn't Repair Your PC လို့ပေါ်လာရင်
အောက်က Advanced Options ကို ထဲကို နှိပ်ဝင်နိုင်ပါတယ်။
ပြဿနာကြုံနေတယ်၊ Windows လည်း မတက်တော့ဘူး
ဆိုရင် စက်ကို ပါဝါဖွင့်၊ ပါဝါစတက်တက်ချင်း၊ ချက်ချင်းကြီး
Shutdown ခလုပ်ကို ဖိနှိပ်ထားပြီး ပြန်ပိတ်၊ ဒီလို လေးငါး
ကြိမ်လောက် လုပ်နေလိုက်ရင်လည်း Automatic Repair
ဆိုတာ ပေါ်လာပါမယ်။ တစ်ချို့ ကွန်ပျူတာတွေမှာတော့
စက်စတက်တက်ချင်း F11, Shift + F8 ကီး တစ်ခုခုကို
နှိပ်လိုက်ရင် Advanced Startup ထဲကို ဝင်သွားပါမယ်။

အောင်သူရဝင်း(NetComplus)

No comments:

Post a Comment

ဝိသုဒ္ဓိ ၇-ပါး

🙏🌷🙏🌷 ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။  (၁)#သီလဝိသုဒ္ဓိ ဖြင့် သီလကို စင်ကြယ်စေရ၏။ (၂)#စိတ္တဝိသုဒ္ဓိ ဖြင့်...