(၁) ဆင်ခြေတွေကိုစွန့်ပစ်လိုက်ပါ
အောင်မြင်တဲ့သူတွေဟာ သူတို့ရဲ့ဘဝမှာ မိသားစု၊ သူငယ်ချင်း၊ အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဖက်တွေကို အပြစ်မတင်တတ်တဲ့ သူတွေပါ။ သူတို့ဟာ ကိုယ့်ဘဝအတွက် ကိုယ့်မှာသာ တာဝန်အပြည့်ရှိတယ် ဆိုတာကို သိကြပါတယ်။ မအောင်မြင်တဲ့အခါတိုင်း ဆင်ခြေဆင်လက်တွေ၊ ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်တင် လုပ်နေမယ့်အစား ကိုယ့်ကိုယ်ကို တိုးတက်အောင် လေ့ကျင့်ဖို့သင်ယူပါ။
(၂) ပြည့်စုံအောင်လုပ်နေတာကိုစွန့်ပစ်လိုက်ပါ
ပြီးပြည့်စုံမှုဆိုတာ ဘယ်နေရာမှာမှ မရှိတာကြောင့် ပြီးပြည့်စုံအောင် ကြိုးစားနေတာ ဒါမှမဟုတ် Perfect မဖြစ်မှာကို ကြောက်ပြီး ရပ်တန့်နေတာဟာ အချိန်ဖြုန်းနေရုံ သက်သက်ပဲ ဖြစ်ပါတယ်။ ဒါထက်စာရင် အမှားတွေ လုပ်မိမှာကို ကြောက်မနေပဲ ရှေ့ဆက်တိုးသွားခြင်းသာလျှင် ဖြစ်သင့်တဲ့အရာဖြစ်ပါတယ်။
(၃) ကြောက်စိတ်တွေကို ဖယ်ရှားလိုက်ပါ
လူတော်တော်များများဟာ သူတို့ကို သူတို့ အောက်ကို ဆွဲချနေမိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အမြဲတမ်း တိတ်ဆိတ်နေတတ်ကြသလို ဆွေးနွေးမှုတွေ လုပ်တဲ့အခါတွေမှာလည်း ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲသလို၊ သူတို့မှာ အရည်အချင်းကောင်းတွေ ရှိနေရဲ့သားနဲ့ ကြောက်စိတ်က အနိုင်ယူထားတာကြောင့် မဖော်ထုတ်ကြပဲ အရည်အချင်းမရှိသူ တစ်ယောက်လို နေသွားကြလို့ပါ။ ဒါကြောင့် ကြောက်စိတ်တွေကို ဖယ်ရှားလိုက်ပါ
(၄) နေ့ချင်းညချင်းအောင်မြင်ချင်တဲ့အတွေးကိုဖယ်ရှားလိုက်ပါ
တစ်ချို့လူတွေဟာ အောင်မြင်မှုဆိုတာ နေ့ချင်းညချင်းရောက်လာတဲ့ အရာလို့ ထင်တတ်ကြပါတယ်။ အမှန်တကယ်တော့ မဟုတ်ပါဘူး။ သင့်ရဲ့ ကြိုးစားအားထုတ်မှု၊ အမျှော်အမြင်ရှိမှု၊ ကောင်းမွန်တဲ့ အရည်အချင်းနဲ့ ဆုံးဖြတ်ချက်တွေကသာ အောင်မြင်မှုတွေကို ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။ တစ်ခါတလေ အောင်မြင်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုတော့ ပေးဆပ်ရပါတယ်။ ဒါကြောင့် နေ့ချင်းညချင်း အောင်မြင်ချင်တဲ့စိတ်ကို ဖယ်ရှားလိုက်ပါ။
(၅) တစ်ခုဆိုတစ်ခုပဲ ဆုပ်ကိုင်ထားတာကို စွန့်လွှတ်လိုက်ပါ
ဒါကတော့ ကိုယ့်ရဲ့အတွေးအခေါ်၊ အထင်အမြင်၊ အယူအဆတွေကို ဘယ်တော့မှ ပြောင်းလဲချင်စိတ် မရှိတဲ့သူတွေပါ။ ဒါဟာ တကယ့်ကို မှားယွင်းတဲ့ ခံယူချက်ဖြစ်ပါတယ်။ အသစ်အသစ်တွေကို လေ့လာပါ၊ သင်ယူပါ၊ မှားနေတဲ့ သင့်ရဲ့ခံယူချက်တွေကိုလည်း ပြောင်းလဲပစ်ဖို့ ဝန်မလေးပါနဲ့။
(၆) မကောင်းတဲ့သူတွေကို ဖယ်ရှားလိုက်ပါ
သင့်ဘေးနားက လူတွေဟာ အရာရာကို အကောင်းမြင်စိတ်မရှိတဲ့သူ၊ မကောင်းတဲ့ အမူအကျင့်ရှိတဲ့ သူမျိုးဆိုရင်တော့ အဲလိုလူတွေကို သင့်ဘဝထဲကနေ ထုတ်ပစ်လိုက်ပါ။ ဒီလိုလူတွေဆီက ဘာမှသင်ယူစရာလည်း မရှိသလို၊ ကောင်းနေတဲ့ သင့်ရဲ့ အမူအကျင့်တွေကိုတောင် ဖျက်ဆီးပစ်နိုင်တာကြောင့် ဒီလိုလူတွေကို ဝေးဝေးရှောင်လိုက်ပါ။
No comments:
Post a Comment