Tuesday, March 23, 2021

ခရမ်းကစော့သီးရဲ့ကျန်းမာရေးအစွမ်



ကျန်းမာရေး
ခရမ်းကစော့သီးရဲ့ကျန်းမာရေးအစွမ်းကတော့ အံ့မခန်းပဲ မီးကင်စား၊ပြုတ်စားအဆင်ပြေသလိုစား…သင့်ချစ်ခင်ရသူတွေအတွက်မျှဝေပေးပါဦး
1 day agoAdd Commentby Aung Myay

Written by Aung Myay

Zawgyi ဖြင့်ဖတ်ပါ

မီးကင်ပြီးပဲတို့စားစား၊ ပြုတ်ပြီးပဲတို့တို့၊ ခရမ်းချဉ်သီးနဲ့ပဲချက်စားစား စားလိုက်တိုင်း ဖောက်ခနဲဖြစ်ပြီး အရသာရွိတဲ့ ခရမ်းကစော့သီးလေးကို ကြိုက်တဲ့သူတွေရှိလား။ ဒီစားကောင်း ခရမ်းကစော့သီးလေးက ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။

ခရမ်းကစော့သီးကပေးတဲ့ ကျန်းမာရေး..

ဖောက်ဖောက်၊ ဖောက်ဖောက်နဲ့ စားလို့ကောင်းတဲ့ ခရမ်းကစော့သီးလေးက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးတယ်

ခရမ်းကစော့သီးက ကင်ဆာ ကာကွယ်ပေးနိုင်သလို ကင်ဆာကုသရာမှာလည်း ထိရောက်မှုရှိပါတယ်။ ခန္ဓာကိုယ်ကျန်းမာစေဖို့ အာဟာရတွေပြည့်ဝစွာပါဝင်နေသလို ကင်ဆာဆဲလ်တွေ မပွားစေဖို့လည်း အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ ခရမ်းကစော့သီးကို ရှေးယခင်ကာလတွေကတည်းက ကင်ဆာကာကွယ်ဖို့ အသုံးပြုခဲ့ကြပါတယ်။

အကိုက်အခဲသက်သာစေနိုင်တယ်

ခရမ်းကစော့သီးတွေက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ခရမ်းကစော့သီးမှာပါတဲ့ ဓာတ်တစ်မျိုးက နာကျင်မှုကိုသက်သာစေသလို အရောင်ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ခန္ဓာကိုယ်မှာဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေသက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။

ရောင်ရမ်းမှုကိုသက်သာစေနိုင်တယ်

လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာ အနာလေးတွေဖြစ်ပြီး နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း ခရမ်းကစော့သီးကို စားပေးလို့ရပါတယ်။ ထိခိုက်ဒဏ်ရာတွေကြောင့် နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း စားပေးလို့ရပါတယ်။

အနာတွေကိုသက်သာစေနိုင်တယ်

အရေပြားမှာဖြစ်တဲ့ အနာတွေ သက်သာစေဖို့လည်း ခရမ်းကစော့သီးကို အသုံးပြုပေးလို့ရပါတယ်။ အရေပြားပြဿနာအမျိုးမျိုးအတွက် ခရမ်းကစော့သီးကို စားပေးရင် သက်သာစေမှာပါ။

အဖျားကျစေနိုင်တယ်

ခရမ်းကစော့သီးကို စားသုံးပေးတာက ကိုယ်ခံအားကောင်းစေနိုင်ပြီး ဖျားနာမှု ကင်းစေနိုင်ပါတယ်။ ရေစင်အောင်ဆေးထားတဲ့ ခရမ်းကစော့သီး ပြုတ်ရည်ကို သောက်ပေးတာကလည်း အဖျားကျစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်တယ်

ခရမ်းကစော့သီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်ကို ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ဖို့ စားသုံးပေးလို့ရပါတယ်။

ဗီတာမင် C ချို့တဲ့မှုကင်းစေတယ်

ခရမ်းကစော့သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ်မှာ ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

ရေယုန်သက်သာစေနိုင်တယ်

ခရမ်းကစော့သီးမှာ ရေယုန်ကိုသက်သာစေနိုင်ပြီး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်

ခရမ်းကစော့သီးက ဓာတ်တိုးဆန့်ကျင်အာနိသင်ကကြွယ်ဝတာကြောင့် ခန္ဓာကိုယ် မွာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အသားအေရကို ကျန်းမာ စေနိုင်သလို ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ် သန်ကျစေနိုင်တယ်

ခရမ်းကစော့သီးက သဘာဝသန်ကျဆေးတစ်မျိုးပါ။ သန်ထမှာစိုးတယ်။ သန်ချဆေးလည်း မသောက်ချင်ဘူးဆိုရင်တော့ ခရမ်းကစော့သီးလေး တို့စားပေးပါ။

အမြင်အာရုံကောင်းစေတယ်

ခရမ်းကစော့သီးကို ထက်ခြမ်းခြမ်းပြီး ထောပတ်နဲ့ ပုံမှန်ကြော်စားပေးတာက အမြင်အာရုံကို ကျန်းမာစေနိုင်မှာပါ။

အရသာလည်းရှိ၊ စားလို့လည်းကောင်းတဲ့ ခရမ်းကစော့သီးလေးတွေ စားရင် အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။

Credit#Original Uploder

၉ နှစ်လောက်နာနေတဲ့ခါး ငွေပန်းဥ နဲ့တွေ့မှ ကိုယ်တွေ့သက်သာခဲ့ပုံ/ သားအိမ်မှာ ရေအိပ်တည်တာ ၊ဆီးကျောက်တည်တာ ကြောက်စရာမလိုတော့ပါ
You may also like

ကျန်းမာရေး
ဒီလိုပူပြင်းတဲ့ရာသီမှာ မိတ်ဖုဖြစ်လို့ ယားနေပါသလား...

ကျန်းမာရေး
မြင်းခွါရွက်ပင်ရဲ့ဆေးစွမ်း။

ကျန်းမာရေး
အစာအိမ်ရောဂါအမျိုးမျိုးအတွက် ပျောက်ကင်းသွားစေမယ့်...

ကျန်းမာရေး
ဘယ်နေရာမှာ ကျောက်ရှိရှိ ကျတယ်တဲ့

ကျန်းမာရေး
ကိုယ်ခံအားကို မြင့်တက်စေတဲ့ ကြက်သွန်နီသံပုရာဆမ်း။

ကျန်းမာရေး
အထက်လှန်အောက်လျှောအတွက် ၁ခွက်နဲ့ အစွမ်းပြတဲ့...

ဒီလိုပူပြင်းတဲ့ရာသီမှာ မိတ်ဖုဖြစ်လို့ ယားနေပါသလား..ရော့ ဆေးနည်း
အမဲစက်မှဲ့ခြောက်သက်သာပျောက်ကင်းတဲ့ကိုယ်တွေ့အာလူးသီး
မြင်းခွါရွက်ပင်ရဲ့ဆေးစွမ်း။
အချိန်တိုအတွင်း အမာရွတ် များကို လျော့ပါးပျောက်ကင်းသွားစေမယ့် နည်းလမ်း (၄) သွယ်
အစာအိမ်ရောဂါအမျိုးမျိုးအတွက် ပျောက်ကင်းသွားစေမယ့် မြန်မာ့ရိုးရာဆေး…(တချိန်မှာအသုံးဝင်နိုင်လို့ ရှယ်ပြီးသိမ်းထားသင့်တယ်)

No comments:

Post a Comment

ဝိသုဒ္ဓိ ၇-ပါး

🙏🌷🙏🌷 ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။  (၁)#သီလဝိသုဒ္ဓိ ဖြင့် သီလကို စင်ကြယ်စေရ၏။ (၂)#စိတ္တဝိသုဒ္ဓိ ဖြင့်...