Sunday, June 10, 2018

အတင်းအဖျင်း

#လူတစ်ယောက် ကိုယ့်ဆီ မလာချင်ဘူးလား
အတင်း မခေါ် ပါနဲ့ …

လူတစ်ယောက် ကိုယ်မေးတာတွေ
မဖြေချင် ဘူးလား
အတင်း မမေးပါနဲ့ …

လူတစ်ယောက် ကိုယ့် အပေါ်
စိတ်မဝင်စားတော့ ဘူးလား
အတင်းလုပ် မယူပါနဲ့ …

လူတစ်ယောက် ကိုယ့်ကို ဘာမှ
မပေးချင်တော့ ဘူးလား
အတင်းတောင်း မယူပါနဲ့ …

လူတစ်ယောက် ကိုယ့်ဆီ က
ရှောင်ခွာ ပြေးချင်နေ ပြီလား
အတင်း မဆွဲထား ပါနဲ့ …

ကိုယ့်ဆီ မှာ စိတ်မရှိ တော့လို့
သူ လုပ်မပေးနိုင်တော့တဲ့
ကိစ္စတွေ အတွက်
ကိုယ့်ဘက် က အတင်းကာရော
လိုက်လုပ်နေရတာတွေ ဟာ

ကိုယ့်အတွက်လဲ ပင်ပန်းသလို
စိတ်မပါဘဲ လိုက်လုပ်ပေးနေရသူ

သူ့အတွက် လဲ
ဝန်ထုပ်ဝန်ပိုး ဖြစ်နေတတ်ပါတယ် …

ကိုယ့်ရဲ့ စိတ်ပင်ပန်းမှု နဲ့
သူ့ဘက် က ဝန်ထုပ်ဝန်ပိုး ဆိုတာ

နှစ်ခု ကို ခံရလာတာ များလာ လေလေ
တယောက် နဲ့ တယောက် …

လူချင်း နီး နေတာတောင်
စိတ်ချင်းက ဝေးသထက် ဝေးသွားကြတော့မှာ
သေချာ ပါတယ် …

ဒါမျိုးတွေ အတင်းလိုက် မလုပ်ရအောင်
ထိန်းချုပ်ရတာ ဘဝမှာ
အခက်ခဲဆုံး အလုပ်တွေပါ

အဲဒီ အခက်ခဲဆုံး အလုပ်တွေ ကို လုပ်ရင်း
ကျော်ဖြတ်ရတဲ့ အချိန်တွေဟာ
စိတ်တွေ မွမ်းကြပ် ပူလောင်လှတယ်
ဆိုတာလဲ လက်ခံရပါမယ်

ဒါပေမဲ့

အဲဒီ အချိန်တချိန် ကို အံကြိတ် ကျော်ဖြတ်လို့
သူ လာချင်တဲ့အချိန်ရှိလာပြီ ဆိုပါစို့

လက်ကမ်း ကြိုဦးမလား
မကြိုဘဲနေနိုင်ပြီလား ဆိုတဲ့
အဖြေ ကို
အဲဒီ ခါးသီးခဲ့တဲ့ အချိန်တွေက
ကိုယ့်ကို အဆုံးအဖြတ် ပေးပါလိမ့်မယ်

သူ ဖြေချင်တဲ့ အချိန်မှာ
အရင်လို ကိုယ် သိချင်သေးလား ဆိုတာ ကို
ပူလောင်ခဲ့ရတဲ့ ကိုယ့် ရဲ့ ခံစားချက်တွေက
အဖြေပေး ပါလိမ့်မယ်

သူ စိတ်ဝင်စား လာတာကို
ကြည်နူး နိုင်ဦးမလား ဆိုတာကို
နာကျင်ခဲ့ရတဲ့ ဝေဒနာ တွေ က အဖြေပေးပါလိမ့်မယ်

သူ ပေးချင် လာတာတွေကို
လက်ခံ နိုင်ဖို့
ခါးသီးစွာ ကျော်ဖြတ်ခဲ့ ရတဲ့ ..
ကိုယ့်အချိန် တွေက အဖြေပေးပါလိမ့်မယ်

သူ ရှောင်ခွာ မပြေးချင်တော့ဘူး ဆိုရင်တောင်
ကိုယ် ထိခိုက် ခဲ့ရသမျှ
စိတ်ဒဏ်ရာ တွေ က
ကိုယ် ဘယ်လို ဆုံးဖြတ်သင့်တယ် ဆိုတာကို
အဖြေ ပေးပါ လိမ့်မယ်

အဲလို အချိန်တစ်ခု ကို
ခါးသီးပူလောင် နာကျင်စွာ ကျော်ဖြတ်ပြီး တာတောင်
ကိုယ့်နားမှာ သူ မနေချင်တော့ဘူး လို့
ဖြစ်နေသေး ရင်တောင်

ကိုယ် ဟာ ခံနိုင်ရည် အင်အားများ နဲ့
ပြည့်ဝသူ တစ်ယောက် ဖြစ်လာ ပါလိမ့်မယ်

အချိန်တန်ရင် အရာရာ ဟာ
နေသားတကျ ပြန်ဖြစ် သွားမှာပါ ဆိုပေမယ့်
အဲဒီ အချိန်တန် ဖို့အတွက်
ချစ်ရတဲ့သူ ဘက် က ပေးဆပ် ရတာ
မဟုတ်ပါလား

လောကကြီးထဲ
ဘယ်လိုဒဏ်ရာမျိုးအတွက် မဆို
အကောင်းဆုံး သမားတော် ဟာ
" အချိန် " ပါ ပဲ
အကောင်းဆုံး ကုထုံးဟာ
ဘယ်လိုအ၇ာတွေ ကြုံလာ ကြုံလာ
ကိုယ့်ကိုကိုယ် ခံနိုင်ရည် ရှိအောင်
ပြုစု ပျိုးထောင်ခြင်း ပါပဲ

ခံနိုင်ရည် ခွန်အား
ပြည့်ဝကြသူများ ဖြစ်ကြပါစေ လို့ 
ဆန္ဒပြု ဆုတောင်းရင်း . . . . .

အစဉ်လေးစား ခင်မင်စွာဖြင့်

No comments:

Post a Comment

ဝိသုဒ္ဓိ ၇-ပါး

🙏🌷🙏🌷 ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။  (၁)#သီလဝိသုဒ္ဓိ ဖြင့် သီလကို စင်ကြယ်စေရ၏။ (၂)#စိတ္တဝိသုဒ္ဓိ ဖြင့်...