Monday, June 25, 2018

အရေးကြီးအထောက်အထားရပါပြီ။
-------------------------------
၁၉၇၁ က ဘင်္ဂလာဒေ့ရှ်မှာစစ်ဖြစ်တော့ ဘင်္ဂလာဒေ့ရှ်ဒုက္ခသည် မြန်မာနိုင်ငံဘက်ကို ၅သိန်းဝင်လာတယ်

ဒီဒုက္ခသည် ၅သိန်းဝင်လာတယ်ဆိုတာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိရှသံအမတ်ကြီးထံ ဝန်ခံထားခဲ့ပြီးဖြစ်ပါတယ် ။

အဲဒီဒုက္ခသည် တွေမြန်မာပြည်မှ ပြန်ထွက်သွားသည့်အထောက်အထား မတွေ့ရ ဘူးလို့ အမေရိကန်ပါမောက္ခ စတိုင်းဗတ် က VOAမှတဆင့်ပြော ။

ဒီသတင်းမှန်ကန်ကြောင်း အထောက်အထားများကို အောက်တွင် ဦးကိုကိုလှိုင်မှတင်ပြထား။
------------------------------------
ဘင်္ဂါလီခိုးဝင်ပြဿနာနှင့် သမိုင်းဝင်စာရွက်စာတမ်းအထောက်အထားများ

🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲️🇲🇲

ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာနှင့် ပတ်သက်၍ အနောက်အုပ်စုနှင့် တချို့သော နိုင်ငံတကာ အဖွဲ့အစည်း များက မြန်မာ ပြည်သူတို့၏ အောက်ပါရပ်တည်ချက်များ အပေါ် လုံးလုံး လျားလျား ငြင်းပယ်ခြင်း၊ အရေးမကြီး သယောင် ဘေးဖယ်ထားခြင်း နှင့် မဖော်ပြဘဲ ဖုံးကွယ် ချန်လှပ်ထားခြင်း စသည့်နည်းလမ်းများဖြင့် သေးသိမ်မှေးမှိန် ၍ ပျောက်ကွယ်သွားအောင် ပြုလုပ်ထားကြ သည်။ ယင်းတို့မှာ- ရိုဟင်ဂျာလူမျိုး ဟူသော အမည် မှာ ဗြိတိ သျှကိုလိုနီကာလတစ်လျှောက်လုံး တရားဝင် စာရွက်စာတမ်းများတွင် လုံးဝမပါရှိသော အမည်ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ပိုင်း နိုင်ငံရေးအရ လူမျိုးသစ်တစ်ခုအဖြစ် ဖန်တီးရန် တီထွင်လာခဲ့သော အမည်တစ်ခု ဖြစ်သည်။ ထိုအသိုက်အ၀န်းကို ဗြိတိသျှတို့ က စစ်တကောင်းသားများ Chittagonian ဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။

မြန်မာနိုင်ငံ၌ တောင်အာရှဒေသမှ ၀င်ရောက်လာသူများနှင့်ပတ်သက်၍ ပန်ဂျပ် ဒေသမှလာလျှင် ပန်ချာပီ၊ မဒရပ်မြို့မှလာ လျှင် မဒရာစီ၊ တမီလ်နာဒူးမှလာလျှင် တမီလ်၊ နီပေါမှလာလျှင် နေပါလီ၊ ပူရ်နေး မှလာလျှင် ပုဏ္ဏားဟူ၍ ခေါ်ဝေါ်ကြသည်။
ထို့အတူ ဘင်္ဂလားဒေသမှ လာသူများကို လည်း ဘင်္ဂါလီဟု ခေါ်ခဲ့ကြသည်။ ဘင်္ဂါလီ ဆိုသည်မှာ အိန္ဒိယတိုက်နယ်အရှေ့ပိုင်း ရှိ ဘင်္ဂလားဒေသတစ်ခုလုံး၌ နေထိုင်သူများ ဖြစ်ကြပြီး အရှေ့ဘင်္ဂလား၌ မွတ်စလင် ဘင်္ဂါလီများ၊ အနောက်ဘင်္ဂလား၌ ဟိန္ဒူဘင်္ဂါလီများဟူ၍ လူမျိုးတူ၊ ဘာသာ ကွဲ အုပ်စုနှစ်ခုရှိသည်။
နောင်တွင် အနောက် ဘင်္ဂလားသည် အိန္ဒိယသမ္မတနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သွားပြီး အရှေ့ဘင်္ဂလား မှ အရှေ့ပါကစ္စတန်၊ ယင်းမှ ဘင်္ဂလားဒေ့ရှ် ဟူ၍ ဖြစ်လာသည်။ ထို့ကြောင့် ဘင်္ဂါလီဟု ခေါ်ခြင်းမှာ အရှေ့နှင့်အနောက်နှစ်ခုပေါင်း ဘင်္ဂလားဒေသမှ လာသူများကိုသာ ဆိုလို သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား(ဘင်္ဂလားဒေ့ ရှီ)များကို ဆိုလိုခြင်းမဟုတ်။ စစ်တကောင်း သည် ဘင်္ဂလားဒေသ အ ရှေ့ တောင် စွန်း၌ တည်ရှိ၍ ယင်းဒေသမှ လာသူများကိုလည်း ဘင်္ဂါလီ သို့မဟုတ် စစ်တကောင်းဘင်္ဂါလီ ဟု ခေါ်ခဲ့ကြသည်။

စစ်တကောင်းဒေသမှ ဘင်္ဂါလီများသည် ကိုလိုနီကာလအတွင်းက လူဦးရေနည်းပါး ၍ မြေဆီ သြဇာ ကောင်း မွန်သော ရခိုင်ဒေသ သို့ လုပ်အားခချိုသာသော အလုပ်သမား များအဖြစ် အလုံးအရင်းဖြင့် ၀င်ရောက်ခဲ့ ကြသည်။ နယ်မြေနီးစပ်သော ဘူးသီး တောင်နှင့် မောင်တောဒေသ၌ လူများစု ဖြစ်လာပြီး ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် ဂျပန်အ၀င် အင်္ဂလိပ်အဆုတ်ကာလ တွင် ကြီးမားသော လူမျိုးရေးအဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ ဘူးသီးတောင်နှင့် မောင် တောဒေသ၌ ရခိုင်ရွာအများစု လုံးဝ ဖျက်ဆီးခံခဲ့ရသည်။ စစ်ကြီးပြီးသောအခါ ယင်းဒေသသို့ အင်္ဂလိပ်တပ်များနှင့်အတူ ဘင်္ဂါလီများ ပြန်လည်ဝင်ရောက်အခြေချ ကာ လွှမ်းမိုးထားခဲ့သည်။

အရှေ့ပါကစ္စတန် နိုင်ငံသစ်အတွင်းသို့ ဘူးသီးတောင်နှင့်
မောင်တောဒေသတို့အား ထည့်သွင်းပူးပေါင်း ရန် လက်နက်ကိုင်မူဂျာဟစ်လှုပ်ရှားမှု ကို မြန်မာ နိုင်ငံလွတ်လပ် ရေးမရမီကပင် စတင်လုပ်ဆောင်၍ ပုန်ကန်ခဲ့ကြသည်။
လွတ်လပ်ရေးရပြီးနောက် ကိုလိုနီခေတ် အတွင်း ၀င်ရောက်အခြေချနေထိုင်ခဲ့သူ အားလုံးကို မြန်မာနိုင်ငံ သားအဖြစ် ဆက်လက် နေထိုင်လိုပါက နိုင်ငံသားအဖြစ် ရွေးချယ် ခံယူခွင့်ပြုခဲ့သည်။

သို့သော် ထိုကာလ နောက်ပိုင်းတွင် တရားမ၀င်ခိုးဝင်လာသူ များကို လူဝင်မှုကြီးကြပ်ရေးဥပဒေများနှင့် အညီ အရေးယူ ဆောင်ရွက်ရန်သာ ဖြစ်တော့ သည်။ အရှေ့ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအဖြစ်ရောက်ရှိခဲ့ချိန်များတွင် ယင်း ဒေသမှ စစ်တကောင်းဘင်္ဂါလီအများအပြား သည် သဘာဝဘေးနှင့်စစ်ဘေးတို့ကြောင့် မြန်မာနိုင်ငံ ရခိုင်ဒေသအတွင်းသို့ ထွက် ပြေးခိုးဝင်လာမှုများရှိခဲ့သည်။

၁၉၇၁ ခုနှစ် တွင် စစ်ဘေးကြောင့် ၀င်ရောက် လာသူများ ကို နှစ်နိုင်ငံအစီအစဉ်ဖြင့် ပြန်ပို့ခဲ့သော် လည်း အများအပြားမှာ မျိုးနွယ်တူ၊ ဘာသာ တူလူ့အဖွဲ့အစည်းအတွင်း ရောနှော ၍ နေထိုင်ကျန်ရစ်ခဲ့ကြသည်။ ယင်းတို့ကို ခွဲခြားစိစစ်ရန် မြန်မာနိုင်ငံ အစိုးရက ကြိုးပမ်း သောအခါ အစစ်ဆေးမခံလိုသူများ နယ်စပ် တစ်ဖက်သို့ အလုံးအရင်းဖြင့် ထွက်ပြေး ခဲ့ကြရာမှ ပြဿနာဖြစ်ခဲ့ပြီး နိုင်ငံတကာ ဖိအားကြောင့် ပြန်လည်လက်ခံခဲ့ရသည်။

၁၉၉၁ ခုနှစ်တွင် စွမ်းအားပြင်းထန်သော စူပါဆိုင်ကလုန်းမုန်တိုင်းကြောင့်
စစ်တ ကောင်းဒေသ၌ လူသိန်းချီသေဆုံးပြီး မြန်မာ နိုင်ငံဘက်သို့ ဘင်္ဂါလီအများအပြားပြေးဝင် လာခဲ့ကြပြန်သည်။ (နိုင်ငံတကာ ဒုက္ခသည် ကွန်ဗင်းရှင်းအရ သဘာဝဘေးခံစားရ၍ တခြားနိုင်ငံသို့ ပြေးဝင်လာသူများကို ဒုက္ခသည်ဟု သတ်မှတ်ခံရခြင်းမရှိပါ) ထို့ ကြောင့် ၀င်ရောက်လာသူများ ပြန်လည်ပို့ ဆောင်ရန် စစ်ဆေးသောအခါ နောက်တစ် ကြိမ် တစ်ဖက်သို့ ပြေးကြပြန်သည်။
တစ် ဖက်နိုင်ငံကလည်း ၎င်းင်းတို့၏ နိုင်ငံသား များမဟုတ်ဟုဆိုကာ လက်ခံရန် ငြင်းဆို ခဲ့သည်။ ဤသို့ဖြင့် နောက်တစ်ကြိမ် ပြဿနာ ဖြစ်ရပြန်သည်။ နိုင်ငံတကာဖိအားကြောင့် နောက်တစ်ကြိမ် လက်ခံခဲ့ရပြန်သည်။ ယခု တစ်ကြိမ်တွင် ၁၉၉၃ ခုနှစ် နှစ်နိုင်ငံသဘော တူညီချက်ဖြင့် မြန်မာနိုင်ငံ၌ နေထိုင်ခဲ့ ကြောင်း အထောက်အထားပြနိုင်မှသာ စိစစ်လက်ခံခဲ့သည်။

အဓိကပြဿနာမှာ အနောက်မီဒီယာ များက မြန်မာနိုင်ငံအစိုးရသည် ဘင်္ဂါလီ အားလုံးကို ခိုးဝင်လာသူများဟု သတ်မှတ် ထားကြောင်း မမှန်မကန်ပြောဆိုကာ ဇာတ် နာအောင် လုပ်ကြံဖန်တီးထားခြင်းဖြစ် သည်။ ထို့ပြင် ယင်းဘင်္ဂါလီများသည် ဘိုး စဉ်ဘောင်ဆက် နှစ်ပေါင်းရာနှင့်ချီကာ မြန်မာနိုင်ငံ၌ နေထိုင်ခဲ့ကြသူများဖြစ်သော်
လည်း နိုင်ငံသားဖြစ်ခွင့်မှ ငြင်းပယ်ထား ခြင်းခံနေရသည်ဟု စွပ်စွဲလေ့ရှိသည်။
ယင်း မှာ အမှားနှင့်အမှန်ကို ရောထွေး၍ အများ အမြင်တွင် မြန်မာနိုင်ငံကို တစ်ဖက်သတ် တရားခံဖြစ်အောင် အကွက်ချလုပ်ကြံခြင်း ဖြစ်သည်။

အဖြစ်မှန်မှာ မြန်မာနိုင်ငံအစိုးရ သည် ကိုလိုနီခေတ်က နေထိုင်ခဲ့ကြသူများကို နိုင်ငံသား ခံယူခွင့်ပြုထားပြီးဖြစ်သည်။ နောက် ပိုင်းမှ ခိုးဝင်လာသူများကို နိုင်ငံသားဖြစ် ခွင့်မပြုနိုင်ပါ။ ထိုသို့ ခိုးဝင်လာသမျှ ခွင့်ပြု လိုက်ပါက လူဦးရေအများဆုံး ကမ္ဘာ့ထိပ် တန်းနိုင်ငံ နံပါတ်(၁)၊ နံပါတ်(၂)နှင့် နံပါတ် (၈)တို့ကြား ရပ်တည်နေရသော မြန်မာ နိုင်ငံသည် နှစ်အနည်းငယ်အတွင်း
လူမျို၍ လူမျိုးရော နိုင်ငံပါ ပျောက်သွားလိမ့်မည်။
ယင်းမှာ ကိုလိုနီထက် မြန်မာကပိုဆိုးသော အခြေအနေဖြစ်သည်။ ထို့ကြောင့် နိုင်ငံသား ဥပဒေကို တင်းတင်း ကျပ်ကျပ်ချမှတ်ထား ရခြင်းဖြစ်၏။

ဤတွင် အနောက်မီဒီယာများနှင့် အနောက်အုပ်စု၏အမြင်အရ ဘင်္ဂါလီမှန် သမျှ ခိုးဝင်မရှိ၊ နှစ်ပေါင်းရာနှင့်ချီ၍ နေထိုင် ခဲ့ကြသူများဖြစ်သည် ဟူသောအချက်ကို ခိုင်ခိုင်မာမာပြန်လည်ချေဖျက်ရန် လိုလာ သည်။ ယင်း အတွက် ထိုစဉ်က အနောက် နိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တာဝန် ရှိသူများကိုယ်တိုင် မြန်မာနိုင်ငံ၌ ခိုးဝင် ဘင်္ဂါလီ အမြောက်အမြားရှိပါသည်ဟု ဖော်ပြ ထားသော စာရွက်စာတမ်းအထောက်အထား များရှိနေပါသည်။ ယင်းတို့ကို လူသိများနိုင် သမျှများအောင် လုပ်နိုင်မှသာ မျက်စိမှိတ် ၍ ခြေစုံကန်ငြင်းနေသူများနှင့် မသိဟန် ဆောင်နေသူများကို မငြင်းနိုင်အောင် သတင်း အချက်အလက်အမှန်အကန်များဖြင့် လုပ် ဆောင်နိုင်ပါလိမ့်မည်။

ပထမဆုံးအထောက်အထားမှာ မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး တဲရင့်စ် အိုဘရိုင်ယန်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလား ဒေ့ရှ်သံအမတ်ကြီး က၀ါဂျာမိုဟာမက်ကိုင်ဇာ တို့ ၂၃-၁၂-၁၉၇၅ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံမှုမှတ်တမ်းကို အထက်ဌာနသို့ တင်ပြ ထားသည့် အတွင်းရေးစာတစ်စောင်ဖြစ် သည်။

အဆိုပါစာတွင် ဘင်္ဂလားဒေ့ရှ်မြန်မာဆက်ဆံရေး နှင့်ပတ်သက်၍ ဘင်္ဂလား ဒေ့ရှ်သံအမတ်ကြီးက “ ရခိုင်ဒေသ၌ ဘင်္ဂလားဒေ့ရှ်မှ ကျူးကျော်ဝင်ရောက်လာ သူဦးရေ သန်းတစ်ဝက်(ငါးသိန်း)ခန့်အထိ ရှိပြီး မြန်မာဘက်မှ ယင်းတို့ကို နှင်ထုတ်ရန် အခွင့်အရေးရှိပါသည်”ဟု ၀န်ခံကြောင်း ပါရှိသည်။

သို့သော် မြန်မာနိုင်ငံအစိုးရ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဒုက္ခရောက် နေသည့် ယခုလိုအချိန်တွင် (ထိုစဉ်က ဘင်္ဂလားဒေ့ရှ်၌ ၀န်ကြီးချုပ် ရှိတ်မူဂျီဘူ ရာမန်လုပ်ကြံခံခဲ့ရပြီးနောက် အာဏာသိမ်းမှု ဖြစ်ပွားပြီး ကာလဖြစ်သည်) ဘင်္ဂလားဒေ့ရှ် ကို ဤကိစ္စနှင့်ပတ်သက်၍ ဖိအားမပေး သင့်ကြောင်းနှင့် မိမိတို့နိုင်ငံ ကံဆိုးမိုးမှောင် ကျနေစဉ် ဤကိစ္စအပေါ် မြန်မာဘက်က အခွင့်ကောင်းယူ အမြတ်မထုတ်သည့် အတွက် ၀မ်းသာမိကြောင်း ၎င်းင်းကပြော ကြားခဲ့သည်ဟုဆိုသည်။

အဆိုပါစာကို အပြည့်အစုံဖတ်ရှုနိုင်ရန် ရရှိထားသော ဓာတ်ပုံမိတ္တူကိုပူးတွဲ၍ တင် ပြလိုက်ပါသည်။ ထိုစာကို ဖတ်ပြီးနောက် လိုအပ်သည်မှာ ယင်းဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက တိုင်ထားသည့် ကျူးဝင်သူ ဦးရေ ငါးသိန်းဆိုသည်မှာ ယခုအခါ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီဖြစ်ရာ လူဦးရေတိုးနှုန်းနှင့် တွက်ဆပါက ယင်းတို့မှ ပေါက်ဖွားလာသူ ရခိုင်ဒေသ၌ မည်မျှရှိနိုင်ပါပြီနည်း။ ယင်း ပုစ္ဆာကို လူဦးရေသင်္ချာကျွမ်းကျင်သူများ ကသာ နီးစပ်စွာအဖြေထုတ်နိုင်ကြဖွယ် ရှိပါမည်။ ဆက်လက်၍ ရှာဖွေရရှိသော စာရွက်စာတမ်း အထောက် အထား များဖြင့် ယင်းခိုးဝင်ပြဿနာကို ဖော်ထုတ်တင်ပြ ပါဦးမည်။ လေ့လာသူများ၊ သုတေသီများ နှင့် အမှန် တရား လိုလားသူများ ဆက် လက်လေ့လာနိုင်ပါစေကြောင်း ဆန္ဒပြု အပ်ပါသည်။ ။
Cd

သခင် ခက်ထန်

Sunday, June 24, 2018

Intel CPU မော်ဒယ်တစ်ခုနဲ့ တစ်ခု ဘာကွာသလဲ

Intel CPU မော်ဒယ်တစ်ခုနဲ့ တစ်ခု ဘာကွာသလဲ…
အက်ဒမင်တို့ ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင် မဖြစ်မနေ ရွေးချယ်ရမယ့်အစိတ်အပိုင်းတစ်ခုက CPU (Central Processing Unit) ဖြစ်ပါတယ်။ ကွန်ပျူတာစနစ်တစ်ခုရဲ့ တွက်ချက်မှုတွေကို ပြုလုပ်ပေးတဲ့ အစိတ်အပိုင်းဖြစ်လို့ အရေးပါပါတယ်။ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် မြန်ခြင်းနှေးခြင်းကို လွန်စွာသက်ရောက်မှုရှိပါတယ်။
⚙️ ၁။ Personal Computer (PC) တွေမှာ အဓိကအသုံးပြုတဲ့ CPU အမှတ်တံဆိပ်နှစ်ခုရှိပါတယ်။ တစ်ခုက Intel ဖြစ်ပြီး နောက်တစ်ခုက AMD ဖြစ်ပါတယ်။ AMD ရဲ့ CPU တွေကို မြန်မာနိုင်ငံမှာ အသုံးအလွန်နည်းပါတယ်။ ယေဘုယျအားဖြင့် Intel CPU တွေက စွမ်းဆောင်ရည်ပိုကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Intel ဆိုတိုင်း ပိုကောင်းတယ်၊ AMD ဆိုတိုင်း ညံ့တယ်ဆိုရင် လုံးဝမှားပါတယ်။ မော်ဒယ်အလိုက်၊ ဈေးနှုန်းအလိုက်အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။
⚙️ ၂။ Intel က သူရဲ့ CPU တွေကို အသုံးပြုသူတွေ နားလည်လွယ်အောင် စီးရီးတွေ ခွဲခြားထုတ်လုပ်ပါတယ်။
 စွမ်းဆောင်ရည်အနိမ့်ဆုံးစီးရီးကို အက်တမ် (Atom) စီးရီးနဲ့  ဆယ်လီရွန် (Celeron) စီးရီး
 ဒုတိယအနေနဲ့ ပင်တီယမ် (Pentium) စီးရီး၊
 Core i3/ Core i5/ Core i7 စသည်ဖြင့် စွမ်းဆောင်ရည်အဆင့်ဆင့် သတ်မှတ်ရောင်းချပါတယ်။
 Desktop CPU တွေမှာ Core i9 ကို ၂၀၁၈ ခုနှစ်မှာစတင်ထုတ်လုပ်ပါတယ်။
 အလွန်ပါးလွှာတဲ့ လက်တော့ (Ultra-book) နဲ့ တက်ဘလက်တွေအတွက် ပါဝါစားသက်သာတဲ့ Core m စီးရီးလည်းရှိပါသေးတယ်။ စွမ်းဆောင်ရည်က အကြမ်းအားဖြင့်တော့ Core i3 စီးရီး ဝန်းကျင်ရှိပါတယ်။ ဘက်ထရီစားသက်သာဖို့ နဲ့ အပူစွန့်ထုတ်မှုနည်းအောင်အဓိကထားပါတယ်။
(Pentium စီးရီးဟုဆိုရာတွင် ယခင် Pentium III/ Pentium IV/ Pentimum D ကဲ့သို့ မော်ဒယ်ဟောင်းများကို ဆိုလိုခြင်းမဟုတ်ပါ။ ၂၀၀၆ ခုနှစ်မှ စတင်ထုတ်လုပ်တဲ့ Pentium များကိုဆိုလိုပါတယ်။)
(အထူးအသုံးပြုပုံတွေအတွက် အခြား CPU စီးရီးများလည်းရှိပါသေးသည်။ ပုံမှန်အသုံးပြုသော စီးရီးများကိုသာ ရွေးချယ်ဖော်ပြထားပါသည်။)
⚙️ ၃။ နောက်တစ်ခုက Core i7 တိုင်းက Core i5 ထက်ကောင်းတယ်။ Core i3 တိုင်းက Pentium ထက်ကောင်းတယ်လို့ မှတ်ထားရင် လုံးဝမှားပါတယ်။ CPU ရဲ့ စွမ်းဆောင်ရည်မှာ Core i3/ Core i5 စသည်ဖြင့် သိရှိရန်လိုသလို ထွက်ရှိတဲ့ ခုနှစ် (Generation) နဲ့ မော်ဒယ်နံပါတ်ကလည်း အရေးကြီးပါတယ်။ ဥပမာအားဖြင့် ၂၀၁၈ မှာထွက်ရှိတဲ့ ဒေါ်လာ ၁၃၀ တန် Core i3 8100 က ၂၀၁၀ ခုနှစ်က ထွက်ရှိတဲ့ ဒေါ်လာ ၅၀၀ ကျော်တန်ခဲ့တဲ့ Core i7 880 ထက် စွမ်းဆောင်ရည် ၆၀% လောက်ပိုမြန်ပါတယ်။
⚙️ ၄။ Intel Core CPU (i3/ i5/ i7) တွေမှာ အရှေ့ဆုံးနံပါတ်က ထွက်ရှိတဲ့အမှတ်စဉ် (Generation) ကိုဖော်ပြပါတယ်။ ဥပမာ i3-8100 ဆိုတာ 8th Generation ဖြစ်ပြီး i3-7100 ဆိုတာ 7th Generation ဖြစ်ပါတယ်။ i3-6100 ဆိုရင်တော့ 6th Generation ပါ။
အနောက်မှာပါဝင်တဲ့ အက္ခရာတွေမှာလည်း ဆိုလိုချက်တွေရှိပါတယ်။
 “u” ဆိုတာ လက်တော့ မှာသုံးတဲ့ စီးရီးဖြစ်ပါတယ်။ (i3-7100u)
 “HQ” ဆိုတာ လက်တော့မှာသုံးတဲ့ စွမ်းဆောင်ရည်မြင့် High Performance စီးရီးဖြစ်ပါတယ်။ (i7-7700HQ)
 ရိုးရိုး Desktop CPU တွေမှာ မည်သည့် အက္ခရာမှ ပါလေ့မရှိပါ။ (i3-7100)
 “T” ဆိုတာ Desktop CPU ကို ပါဝါစားနဲ့ အပူထွက်ရှိမှုသက်သာတဲ့ အမျိုးအစားဖြစ်ပါတယ် (အဆင်သင့် တပ်ဆင်ပြီး ကွန်ပျူတာတွေမှာ တွေ့ ရတတ်ပါတယ်။ အပြင်ဈေးကွက်မှာ တွေ့ ရလေ့မရှိပါ။) (i3-7100T)
 “K” ဆိုရင် Desktop ရဲ့စွမ်းဆောင်ရည်မြင့်မော်ဒယ်ပါ။ အမြန်နှုန်းမြှင့်တင်ခြင်း (Overclocking) ကို အသုံးပြုနိုင်တဲ့ စီးရီးဖြစ်ပါတယ်။ (i7-7500K)
⚙️ ၅။ ကွန်ပျူတာတစ်ခုမှာ CPU အပြင် Memory၊ Storage (Hard Disk, SSD)၊ Graphic Card (GPU) နဲ့ အခြားအစိတ်အပိုင်းတွေရှိပါသေးတယ်။ ဒါ့အပြင် Operating System (Windows/ Mac/ Linus) နဲ့ အသုံးပြုထားတဲ့ ဆော့ဝဲလ် (ဥပမာအားဖြင့် Antivirus လို့ ဆော့ဝဲလ်) ကိုလည်းထည့်သွင်း စဉ်းစားရမှာပါ။ ကွန်ပျူတာ တစ်လုံးထဲကိုပဲ မတူတဲ့ Windows ဗားရှင်း (ဥပမာ Windows 10 နှင့် Windows 7) အသုံးပြုရင် အမြန်နှုန်းကွာခြားပါတယ်။ Antivirus သွင်းထားတာနဲ့ မသွင်းထားတာ အမြန်နှုန်းမတူပါဘူး။ စာဖတ်သူအနေနဲ့ သဘောပေါက်ရမှာက Core i7 သုံးလိုက်ရုံနဲ့ ချက်ချင်း လိပ်က ဒုံးပျံဖြစ်ချင်မှဖြစ်မယ်။ အခြားအစိတ်အပိုင်းတွေကလည်း Core i7 နဲ့ လိုက်မှီအောင်အလုပ်လုပ်နိုင်မှ အပြည့်အဝ အမြန်နှုန်းကို ရရှိမှာပါ။ (ဥပမာအားဖြင့် လုပ်သားတစ်ယောက်က မုန့်ဖုတ်တယ်။ နောက်တစ်ယေက်က မုန့် ကို ပါကင်ထုပ်တယ်ဆိုပါစို့ ။ လုပ်သားတစ်ယောက်ကို သုံးဆပိုမြန်တဲ့ သူနဲ့ အစားထိုးလိုက်ရင် မုန့် သုံးဆ ပိုရမှာလား။ နောက်တစ်ယောက်ပေါ်လည်း မူတည်တယ်မဟုတ်လားဗျ။)
⚙️ ၆။ ကွန်ပျူတာတစ်လုံးကို မြန်တယ်လို့ ပြောချင်ရင် ဘာတွေမြန်တာလဲဆိုတာရှိပါတယ်။ Windows တက်တာ (ကွန်ပျူတာဖွင့်တာ) မြန်ချင်တာလား။ ဂိမ်းတွေ ဆော့ဝဲလ်တွေ ဖွင့်လိုက်ရင် ချက်ချင်းပွင့်ချင်တာလား။ ဂိမ်းဆော့ရင် မထစ်ချင်တာလား။ Photoshop တို့ ၊ Video Editing တို့ မှာ လုပ်ဆောင်ချက်မြန်ချင်တာလား စသည်ဖြင့်အမျိုးမျိုးရှိပါတယ်။ အသုံးပြုသူပေါ်မူတည်ပြီး လိုအပ်ချက်တွေကွာခြားပါတယ်။ အားလုံးကောင်းတဲ့ ကွန်ပျူတာမရှိဘူးလားဆိုတော့ ရှိပါတယ်။ ဈေးလည်းအကြီးဆုံးဖြစ်မှာပါ။
ဒါပေမယ့် ကွန်ပျူတာအသုံးပြုသူတွေက ဖန်ရှင်အားလုံးကို အသုံးမပြုသလို ဈေးအကြီးဆုံးကိုလည်းမဝယ်ကြပါဘူး။  ဒီတော့ လိုအပ်တဲ့ဖန်ရှင်ပေါ်မူတည်ပြီး ပိုမိုအလေးပေးသင့်တဲ့ အပိုင်းတွေကို ဖော်ပြလိုက်ပါတယ်။
 တွက်ချက်မှု (Photo editing, Video editing, Auto CAD rendering,…) တွေအတွက် CPU ရဲ့ စွမ်းဆောင်ရည်ပေါ်ပိုမိုမူတည်ပါတယ်။
 ဂိမ်းဆော့ဖို့ အတွက်ဆိုရင် Graphic Card ရဲ့ စွမ်းဆောင်ရည်က ပိုပြီးအရေးပါပါတယ်။
 ဖွင့်တာ ပိတ်တာ (Windows တက်တာ၊ ဂိမ်းနဲ့ ဆော့ဝဲလ်တွေစတင်တာ) မြန်ချင်တယ်ဆိုရင် SSD (Solid State Drive) က ပိုအရေးကြီးပါတယ်။ Hard Disk Drive (HDD) တွေက ဖွင့်တာပိတ်တာ နှေးပါတယ်။
 ဆော့ဝဲလ်တွေအများကြီးပြိုင်တူသုံးမယ်၊ ဆော့ဝဲလ်အကြီးတွေသုံးမယ်၊ ပရောဂျက်အကြီးတွေလုပ်မယ်၊ အင်တာနက် ဗရောက်စာ (Internet Explorer, Chrome, Firefox, …) မှာ Tab တွေအများကြီးသုံးမယ်ဆိုရင် RAM များဖို့ လိုပါတယ်။
⚙️ ၇။ CPU တစ်ခုမှာ မော်ဒယ်နံပါတ်ကို သိရင် သူ့ ရဲ့အချက်အလက် (Specification) တော်တော်များများကို သိနိုင်ပါတယ်။ ဈေးကွက်ထဲမှာအပြောများတဲ့ အမြန်နှုန်း (GHz) အပြင် အခြားအရေးကြီးတဲ့အချက်တွေလည်းရှိပါသေးတယ်။ တည်ဆောက်ထားတဲ့ နည်းပညာ (နာနိုမီတာ)၊  ပါဝါစားနှုန်း (TDP/ Watt)၊ CPU အစိတ်အပိုင်းအရေအတွက် (Cores/ Threads)၊ Cache Memory၊ တွဲဖက်ပါရှိတဲ့ internal GPU တို့ ကိုမူတည်ပြီး စွမ်းဆောင်ရည်၊ အသုံးဝင်ပုံနဲ့ ရွေးချယ်မှုတို့ ကွာခြားနိုင်ပါတယ်။
စာဖတ်သူတို့ လည်း လိုအပ်ချက်နဲ့ ဘက်ဂျက်ကို ချိန်ဆပြီး မိမိအတွက် အကောင်းဆုံး ကွန်ပျူတာများကို အသုံးပြုနိုင်ကြပါစေ။
-----
✨ မြန်မာ ကွန်ပျူတာဈေးကွက်ထဲမှာ အတွေ့ များတဲ့ CPU အချို့ ရဲ့စွမ်းဆောင်ရည်အမှတ်တွေကို ဖော်ပြပေးထားပါတယ်။ အမှတ်များရင် စွမ်းဆောင်မှုပိုကောင်းတယ်လို့ မှတ်ယူနိုင်ပါတယ်။ (Benchmark အမှတ်တွေက တစ်ကယ်အသုံးပြုရတဲ့ အတွေ့ အကြုံတိုင်းကို ကိုယ်စားမပြုနိုင်ဘူးဆိုပေမယ့် အလွယ်ကူဆုံးနဲ့ နားလည်အလွယ်ဆုံးဖြစ်ပါတယ်။)
Celeron (Notebook)
N3060 (2016) – 997
N3350 (2016) – 1129
N4000 (2018) – 1542
---
Celeron (Desktop)
J3060 (2016) – 985
J4050 (2018) – 1566
G3930 (2018) – 3050
---
Pentium (Notebook)
N3700 (2015) – 1843
N4200 (2016) – 2033
N5000 (2018) – 2807
---
Pentium (Desktop)
G4400 (2015) – 3571
G4560 (2016) – 4889
G5500 (2018) – 5137
---
Core i3 (Notebook)
i3 6100u (2015) – 3582
i3 7100u (2016) – 3830
i3 8130u (2018) – 5353
---
Core i3 (Desktop)
i3 6100 (2015) – 5493
i3 7100 (2017) – 5790
i3 8130 (2017) – 8050
---
Core i5 (Notebook)
i5 6200u (2015) – 4014
i5 7200u (2016) – 4641
i5 8250u (2017) – 7649
---
Core i5 (Desktop)
i5 6400 (2015) – 6760
i5 7400 (2017) – 7392
i5 8400 (2017) – 11780
---
Core i7 (Notebook)
i7 6500u (2015) – 4433
i7 7500u (2016) – 5196
i7 8550u (2017) – 8336
i7 6700HQ (2015) – 8140
i7 7700HQ (2016) – 8861
---
Core i7 (Desktop)
i7 6700K (2015) – 11113
i7 7700K (2016) – 12060
i7 8700K (2017) – 16031
i7 6700 (2015) – 10012
i7 7700 (2016) – 10782
i7 8700 (2017) – 15269
---
Core i9 (Laptop)
i9 8950HK (2018) - 14812
---
Core i9 (Desktop)
i9 7900X (2017) - 22098
---
Core m (Notebook)
m3-6Y30 (2015) – 3051
m5-6Y64 (2015) – 3359
m3-7Y30 (2016) – 3555
---
ကိုယ်ရဲ့ CPU တွေရဲ့ Benchmark အမှတ်ကိုသိချင်ရင် ဖြစ်ဖြစ်၊ အခြား CPU နဲ့ စွမ်းဆောင်ရည်နှိုင်းယှဉ်ချင်ရင်ဖြစ်ဖြစ် Google မှာရှာဖွေနိုင်ပါတယ်။
(ဥပမာ Intel i5 6200u vs 7200u လို့ ရှာလို့ ရပါတယ်။)
⭐⭐⭐ "Celeron CPU က တစ်ကယ်အလုပ်ဖြစ်ရဲ့လား"ဆိုတာ ကို စမ်းသပ်ပြီး ဖော်ပြပေးသွားမှာဖြစ်လို့  Like & Share လုပ်ထားပြီး ဆက်လက်အားပေးကြဦးနော်…
Tips:      
နည်းပညာများသည် အစဉ်ပြောင်းလဲတိုးတက်လျှက်ရှိသောကြောင့် အရာအားလုံးကို လှေနံဓားထစ်မှတ်ယူထားခြင်းထက် အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါသည်။ ကျွန်တော်တို့ တူတူ ဆက်လက်သင်ယူကြပါစို့ ။
#Techy_M
#Tech_tips
(Benchmark Credit: https://www.cpubenchmark.net/cpu_list.php)

မြန်​မာနိုင်​ငံ၌ (ပထမဆုံး ) ဘဏ်တည်တောင်သူ ရွှေစလွယ်ရ (ဦးရဲကျော်သူ)
••••••••••••••••••••

ရခိုင်သူဌေးကြီး ဦးရဲကျော်သူ (၁၈၃၃- ၁၉၁၀)

ဦးရဲကျော်သူကို ၁၈၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပင်းဝါမြို့ အနီး ပဲတလီ ကျေးရွာ၌ ဖွားသည်။ အဖမှာ ရခိုင်တိုင်ရင်းသား ဦးဒိုးအောင်ကြွယ်ဖြစ်၍ ညီအိစ်ကို ၄ ဦးတွင် တတိယမြောက်ဖြစ်သည်။

အရွယ်ရောက်လျှင် ညီအိစ်ကိုနှစ်ဦး မိမိတို့၏ဇာတိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သို့ အလုပ်ရှာရန် လာကြသည်။ ပထမဆုံး စစ်တွေမြို့ ကန်ဒကာ သူဌေးကြီး ဦးသံခြီ၏ ကုန်ရောင်းလှေတွင် လှေထိုးသား အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။

အလုပ်ကို ရိုးရိုးသားသားနှင့် ကြိုးစားရုံမျှမက ဝိရိယရှိမှု အမြော်အမြင်ရှိမှုတို့ကြောင့် လှေထိုးသား မောင်ရဲကျော်သူကို သူဌေးကြီး ဦးသံခြွီက သမီးဖြစ်သူ မသံဒါဖြူနှင့် လက်ထပ်ပေးခဲ့သည်။ လက်ထပ်ပွဲပြီးနောက် ရရှိသော မင်္ဂလာလက်ဖွဲ့ ရတနာ ရွှေငွေများကို စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့ရာ ထိုခေတ် ထိုအခါက ရခိုင်ပြည်နယ် စစ်တွေမြို့၌ အချမ်းသာဆုံး လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သည်။

ဦးရဲကျော်သူသည် အောက်ခြေမှ တက်လာသူ ဘဝနာခဲ့သူပီပီ ဆင်းရဲသား၊ တောင်သူ လယ်သမားများအပေါ် စာနာမှုရှိသည်။ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းတွင် မိုးဘရားသား၊ စတီးဘရားသား၊  ဘလုတ် ဘရားသားစသည့် နိုင်ငံခြားကုမ္ပဏီများ၏ ဈေးနှိမ်မှုကို နည်းမျိုးစုံနှင့် ကာကွယ်၍ ရခိုင်တောင်သူ လယ်သမားများမနစ်နာစေရန် စပါးဈေးကို ပိုမိုပေးခဲ့သည်။ ဦးရဲကျော်သူ၏ စီးပွားရေးလုပ်ငန်းခွင့် အနက် '' ဦးရဲကျော်သူ အင်ကုမ္ပဏီလီမီတက်'' လုပ်ငန်းသည် အထင်ရှားဆုံးဖြစ်သည်။

ဤလုပ်ငန်းတွင် ကုမ္ပဏီရှယ်ယာ ပိုင်ဆိုင်သူများထံမှ အပ်ငွေနှင့် ထုပ်ငွေများကို ချက်လက်မှတ်စနစ် သုံး၍ ငွေချေးခြင်း၊ ရွှေပေါင်၊ မြေပေါင်လက်ခံခြင်းတို့ကို ဆောင်ရွက်သောကြောင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဘဏ်လုပ်ငန်းပိုင်ရှင်ဟု သတ်မှတ်ကြသည်။

ဦးရဲကျော်သူသည် ကျောင်းသင်ပညာ မရှိသော်လည်း ထူးခြားသော ဇွဲလုံ့လ ဝိရိယ တီထွင်ဥာဏ်နှင့် ပြည့်စုံ၍ လှေထိုးသားဘဝမှ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသူ၊ သူဌေး ဖြစ်လာသော်လည်း ဘဝမမေ့ဘဲ လှေထိုးသားဘဝက အသုံးပြုခဲ့သည့် လှော်တက်ကို ရွှေချလျက် အိမ်တွင် ချိတ်ဆွဲထားသူ၊ ထူးခြားမှုတစ်ရပ်မှာ အများအကျိုးအတွက် နေ့စဉ် နံနက် ၄ နာရီ အိပ်ရာမှထကာ လက်ဆွဲ မီးအိမ်ကိုင် တပည့်ကလေးနှင့် အတူ စစ်တွေမြို့ကိုလှည့်၍ '' အရပ်သားတို့၊ ရွာသားတို့၊ ထကြလော့၊ မြစ်ရေထဲတွင် ငွေတွေ မျှောနေသည်၊ ဆယ်ယူကြလော့'' ဟု ဆော်သြလေ့ရှိသည်။

ဦးရဲကျော်သူ၏ ကြွယ်ဝချမ်းသာမှု ဂုဏ်သတင်းကြောင့် အိန္ဒိယအစိုးရက ဖိတ်ကြား၍ အိန္ဒိယ သူဌေးများကို ချီးမြှင့်သည့် သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ်ရတံဆိပ် ချီးမြှင့်ခဲ့သည်။ ဗြိတိသျှ မြန်မာပြည် ကော်မရှင်နာ၏အကြံပေး ဘုတ်အဖွဲ့ဝင်အဖြစ်လည်း ပါဝင်ဆောင်ရွက်ခဲ့ရသည်။

စီးပွားရေး အောင်မြင်လာသည်နှင့်အမျှ ဘုရားတည်၊ ကျောက်ဆောက်အလှူဒါနအမြောက်အမြား ပြုလုပ်ခဲ့သည်။ အထင်ရှားဆုံးမှာ ကျောက်တော်ရှိ မဟာမုနိ ဘုရား သိမ်တန်းဆောင်းတော်ကြီး၊ ကြေးဆင်းတုတော် ကြီးတို့ဖြစ်သည်။ ထိုစဉ်က ထင်ရှားသော လယ်တီဆရာကြီးကိုလည်း စစ်တွေမြို့သို့ပင့်၍ တရားပွဲများ ကျင်းပပေးခဲ့သသည်။ လူမှုရေးအနေဖြင့် စစ်တွေ ဆေးရုံကြီး၌ အမျိုးသမီးသားဖွားဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။

ယခုအခါ သံကျောင်း (သို့) ဦးရဲကျော်သူကျောင်းဟု အမည်တွင်သော ဘုန်ကြီးကျောင်းကို သက်ရှိထင်ရှား ရှိစဉ်ကပင် ဆောက်လုပ်ရန် သစ်များဝယ်၍စီစဉ်ခဲ့သည်။ နောင်အခါ ဖခင်ကို ရည်စူး၍ သားသမီးများက တည်ဆောက်ခဲ့သောကြောင့် သံကျောင်းဟု အမည်တွင်ခဲ့သည်။

ဦးရဲကျော်သူ နှင့် ဒေါ်သံဒါဖြူတို့တွင် သားသမီး(၁၀)ဦး ထွန်းကား၍ သား(၄)ယောက်မှာ ထင်ရှားသည်။ သားအကြီးဆုံး ဦးချန်ထွန်း အင်္ဂလန်တွင် ဥပဒေပညာသင်ကြားခဲ့ပြီး ဥပဒေနောက်ဆုံးနှစ်၌ ပထမတန်းမှ အောင်မြင်ခဲ့ကာ နောင်အခါ ထင်ရှားသော ဥပဒေပညာရှင်တစ်ဦးဖြစ်လာသည်။ ရန်ကုန်မြို့ ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့စဉ် ဆူးလေစေတီတော်ကို ဖြိုဖျက်ရန်ကြိုးစားရာ ဦးချန်ထွန်းက အင်္ဂလန်နိုင်ငံ ဝိတိုရိယ ဘုရင်မကြီးထံစာရေးပြီးကန့်ကွက်သောကြောင့် ဆူးလေစေတီတော်ကြီး ပျက်စီးမည့်ဘေးမှကင်းဝေးခဲ့သည်။

ဦးရဲကျော်သူသည် အသက် (၇၇ )နှစ်အရွယ် မြန်မာသက္ကရာဇ် (၁၂၇၂) ခုနှစ် နံယုန်လပြည့်ကျော်(၁၃)ရက် အဂါင်္နေ့ နံနက်(၈)နာရီတွင် ကွယ်လွန်ခဲ့သည်။

သမိုင်းတရားခံ ပြည်​သူ့ ချီးထုပ်​ ​တွေ မသိရင်​ မှတ်​ထားကြ

သမိုင်းတရားခံ ပြည်​သူ့ ချီးထုပ်​ ​တွေ မသိရင်​ မှတ်​ထားကြ

.

၂၀၀၈/ခြေဥကို ရေးဆွဲခဲ့သော ပုဂ္ဂိုလ်များ..
…………………………………………

၁။ဦးအောင်တိုး B.A,B.L တရားသူကြီးချုပ်
၂။ဦးအေးမောင် B.A,B.L ရှေ့ နေချုပ်
၃။ဦးသောင်းညွန့်  B.Sc ,BL
၎။ဗိုလ်မှူးချုပ် ကျော်ဆန်း
၅။ဗိုလ်ချုပ် ခင်အောင်မြင့်
၆။ဗိုလ်ချုပ်စိုးမောင် H.G.P,M.A
၇။ဒေါက်တာ သန်းညွန့် P.HD Cambridge
၈။ဒေါက်တာ ထွန်းရှင် M.A Landon ,LL.D
Belgium FRGS London
၉။ဦးထွန်းထွန်းဦး LL.B,M.A
၁၀။ဦးသိန်းစိုး RL
၁၁။ဦးထွန်းထွန်းဦး LL.B
၁၂။ဒေါက်တာ တင်အောင်အေးLLM.LLD Germany
၁၃။ဦးတင်အေး BA HGPRL
၁၄။ဒေါက်တာ ခင်မောင်ညွန့် PHD Landon
၁၅။ဦးထွန်းအောင်ချိန် BA MA His USA
၁၆။ဒေါက်တာမောင်မောင်ဝင့်
MBBS MRCP UK ပါချုပ် ဆေးတက္ကသိုလ်
၁၇။ဦးကျော်မြင့်ဦး BSC MSC UNDP ပါချုပ်ငြိမ်း
၁၈။ဦးမြတ်သူ တက္ကသိုလ်မြတ်သူ LLP HGP
၁၉။ဒေါက်တာစိုးရင် PHD Italy ပါချုပ်ငြိမ်း
၂၀။ဦးလေးမြင့် M.A( Philo), HGP, RL
၂၁။ဒေါက်တာ မျိုးသန့်တင် PHD London
၂၂။ဒေါက်တာမြင့်သိန်း PHD USA
၂၃။ဒေါက်တာသာလှရွှေ
MBBS DPTM DCMT UK ပါချုပ် ငြိမ်း ဆေး ၂
၂၄။ဒေါက်တာ နီလာသိန်း PHD Singapore ပါချုပ်
၂၅။ဦးတီခွန်မြတ် LL.B
၂၆။ဒေါက်တာခင်ဇော် PHD Moscow
၂၇။ဦးသန်းကျော် LL.B
၂၈။ဒေါက်တာတင်မေထွန်း PHD Myanmar
၂၉။ဒေါက်တာ ခင်မာရီ PHD Myanmar
၃၀။ဦးစံလွင် ညွှန်ချုပ်ငြိမ်း
၃၁။ဒေါက်တာခင်ဖုန်းမြင့်ကြူ
PHDCivil Law family Law
၃၂။ဦးထွန်းအောင် LLB
၃၃။ဒေါ်မေရီမီနန် LLB
၃၄။ဦးစိုင်းမောင်ရီ B Com HGP
၃၅။N ဇော်နော် LLB
၃၆။ဦးဆင်ရမ် LLB
၃၇။ဦးတိုးရယ် LLB
၃၈။ဦးစောအောင်ကျော်မင်း LLB
၃၉။ဦးဟောက်ခန့်မှန် LLB
၄၀။ဦးရှီသီး BSC BED
၄၁။ဦးညွန့်တင် HGP
၄၂။ဦးသာလှ LLB
၄၃။ဦးစိုက်းခမ်းမှတ် HGP
၄၄ဦးညွှန့်မောင် BA Zoo
၄၅။ဦးဆိုင်းပေါင်းနပ်HGP
၄၆။ဦးပီတာသောင်းစိန် LLB DC SC
၄၇။ဦးစတီဗင် HGP
၄၈။ဦးစိုင်းကျော်ဇံ LLB DCSc
၄၉။ဦးညီနပ် DS Phy:
၅၀။ဦးစိုင်းတက်ဆိုင် LLB
၅၁။ဦးခွန်ဆန်းရွှေ LLB
၅၂။ဦးငွေစိုး LLB
၅၃။ဒေါက်တာသောင်းမြင့် MBBS MSC
၅၄။ဦးဝင်းကို LLB LLM.

.
MM

Saturday, June 23, 2018

"ဝိဘက်ကြမ္မာမလွတ်သာတည့်"

"ဝိဘက်ကြမ္မာမလွတ်သာတည့်"
=====================

အဟောင်းတွေကို တတ်နိုင်သမျှပြန်မပြောချင်
ပေမဲ့  အကောင့်ထဲမှာ ငြင်းခုန်နေကြတာတွေ့
တော့လည်းပြောချင်တာလေးတွေရှိလာတယ်။

တချို့က ၈၈ အရေးအခင်းမှာ တပ်မတော်က
အာဏာမသိမ်းဘဲဒီအတိုင်းပစ်ထားလိုက်ရင်
ပြီးတာပဲလို့ဆိုတယ်။

၁၉၈၈ အရေးအခင်းကာလမှာ တပ်မတော်က
အာဏာသိမ်းတာကို ပြည်သူအများစုထောက်
ခံပါတယ်။ တိုင်းပြည်တစ်ခုလုံး ဝရုန်းသုန်းကား
ဖြစ်ပြီး မင်းမဲ့တိုင်းပြည်လိုအခြေအနေမျိုးဖြစ်နေ
တာကိုမှ  အာဏာ  မသိမ်းဘဲ  ဖြစ်ချင်သလိုဖြစ်
ကြကွာဆိုတဲ့စိတ်နဲ့  ထိုင်ကြည့်နေရင်  တာဝန်
မကျေတဲ့တပ်မတော်ဖြစ်သွားမှာပေါ့။

တပ်မတော်ကနာမည်ပျက်သွားတာက ၁၉၉၀
ရွေးကောက်ပွဲမှာအာဏာမလွှဲခဲ့တာကြောင့်ပါ။
ဒီနေရာမှာလည်း   NLD က ဦးကြည်မောင်တို့
လိုလူတွေက နုရင်ဘတ် စစ်ခုံရုံးတွေဘာတွေ
ထုတ်ဖော်ပြောဆိုလာလို့တပ်ကအာဏာမပေး
တာဆိုပြီးပြောလာတာတွေရှိတယ်။

မှတ်မိသလောက်ပြောရရင်အဲဒီတုန်းကသိပ်ပြီး
ကလေးဆန်သလိုပဲ။ ဦးကြည်မောင်က အဲဒီလို
ပြောပြီး ဦးခင်ညွန့်ကလည်း "ဦးကြည်မောင်တို့
လောက်တော့ ခင်ညွန့်လည်း တိုင်းပြည်ချစ်ပါ
တယ်" တို့ဘာတို့ပြောတာကြားဖူးလိုက်တယ်။
ဦးကြည်မောင်က "ကျွန်တော်တို့မှာ ဘာမှအငြိုး
အာဃာတမရှိပါဘူး။ သို့သော်ပြည်သူကတောင်း
ဆိုလာရင်တော့ ..... ဥပမာ ခင်ညွန့်လိုလူမျိုးဆို
ရင်တော့ မပြောတတ်ဘူးပေါ့ဗျာ" အဲဒီလိုထင်ပါ
ရဲ့ ပြောခဲ့ဖူးတာရှိတယ်။

ဦးကြည်မောင်က မပြောသင့်သလို ဦးခင်ညွန့်
လည်း အဲဒီအချိန်ကတုံ့ပြန်မှုက ကလေးဆန်
သလိုဖြစ်သွားတယ်။

တကယ်တော့ ဗိုလ်မှူးကြီးကြည်မောင်ခေါ် ဦး
ကြည်မောင်ဟာ အင်းစိန်တိုက်ပွဲကာလအတွင်း
က သမိုင်းလမ်းဆုံကနေ ခဝဲခြံအင်းစိန်ဘက်က
KNDO တွေကို ၃ လက်မစိန်ပြောင်းနဲ့ ထိုင်ပစ်
ခဲ့တဲ့တပ်ဖွဲ့မှာ ဗိုလ်မှူးအဖြစ်နဲ့ တိုက်ပွဲဝင်ခဲ့သူ
တစ်ဦးပါ။

ဦးကြည်မောင် တိုင်းပြည်အတွက် တိုက်ပွဲဝင်
နေတဲ့ ၁၉၄၉ ခုနှစ်မှာ  ၁၉၃၉ ခုနှစ်ဖွား ဦးခင်
ညွန့်ဟာ ၁၀ နှစ်သားသာရှိပါသေးတယ်။ ထား
ပါတော့။ ဆိုလိုတာ သူ့ခေတ်နဲ့သူ တိုင်းပြည်အ
တွက် လုပ်ခဲ့ကြတဲ့စစ်သားတွေပါပဲ။

ကျွန်တော့်သဘောကတော့ ဒီမိုတွေပြောသ
လို အားလုံးသဘောမတူသလို တပ်ဘက်က
ပြောတာလည်း အကုန်လက်မခံနိုင်ပါဘူး။

၁၉၉၀  ရွေးကောက်ပွဲမှာ  အထက်ကပြောသ
လို ဦးကြည်မောင်စကားပြောမဆင်ခြင်လို့တပ်
မတော်က အာဏာမလွှဲပေးတာပဲထားလိုက်ပါ
ဦး။ ဒီလောက်အထိ အကြာကြီးအာဏာသိမ်း
ထားစရာမလိုပါဘူး။

တပ်ဘက်ကတချို့က အနာဂတ်မှာ တိုင်းရင်း
သားသူပုန်တွေ   အင်အားကြီးထွားလာမှာကို
ကြိုတင်တွက်ဆပြီး တပ်မတော်ဘက်က ကြို
တင်ပြင်ဆင်တဲ့အနေနဲ့ တပ်အင်အားတွေ ချဲ့
ထွင်တယ်။ ခေတ်မီတပ်မတော်ဖြစ်လာအောင်
လက်နက်ခဲယမ်းတွေ   တပ်ဆင်တယ်ပေါ့ဗျာ။
ထားလိုက်ဦး။ အတိုင်းအတာတစ်ခုအထိလက်
ခံပါတယ်။

သို့သော် ဒါလည်းပဲအာဏာသိမ်းထားတဲ့အချိန်
ဟာ ရှည်ကြာလွန်းတယ်။

ဆိုလိုတာ တကယ်စိတ်ကောင်းစေတနာနဲ့ အ
မြော်အမြင်ရှိရင် ၁၀ နှစ်အတွင်း လွှဲပေးလို့ရပါ
တယ်။ Constitution မဆွဲရသေးလို့၊ ညီလာ
ခံခေါ်နေတာပဲတို့တော့   လာမပြောပါနဲ့။ အဲဒီ
ညီလာခံဟာဘယ်လိုညီလာခံလဲဆိုတာအများ
သိပြီးသားဖြစ်ပါတယ်။

အဲဒီလို ညီလာခံတွေလုပ်နေဆဲထင်တယ် တပ်
က ဝန်ထမ်းတွေသဘောထားကိုလွတ်လွတ်လပ်
လပ်ဖြေနိုင်တယ်လို့ပြောပြီး မေးခွန်းတွေမေးခဲ့ပါ
တယ်။ အဲဒီမေးခွန်းတွေကို ပြန်ဖြေတဲ့နေရာမှာ
တပ်ဘက်က မကြိုက်တဲ့အဖြေမျိုးဖြေတဲ့ဝန်ထမ်း
တွေကို အလုပ်ဖြုတ်ပစ်တယ်။ အတော့်ကို မိုက်
ရိုင်း အောက်တန်းကျတဲ့အလုပ်ဖြစ်တယ်။ ထား
တော့။

တကယ်လို့ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၉ ခုနှစ် အ
ထိ ဆယ်နှစ်ကာလ  အတွင်းမှာအကြောင်း အ
မျိုးမျိုးကြောင့် မလွှဲနိုင်ဘူးဆိုရင်တောင် ၁၉၉၀
ပြည့်နှစ်ကနေ ၂၀၀၀ ပြည့်နှစ် ဆယ်နှစ်ပြည့်တဲ့
ကာလတစ်ခုမှာ လွှဲပေးလို့ရပါတယ်။

ကြိုတင်ပြီး စီမံချက်ဆွဲထားဖို့တော့လိုတာပေါ့။
ဆယ်နှစ်အတွင်းလွှဲမယ်ဆိုရင် တပ်အတွက်လို
အပ်တာတွေလည်း ဆယ်နှစ်အတွင်း ပြင်ဆင်
ထားပေါ့။

ကျွန်တော်ပြောသလိုပါပဲ။ တပ်မတော်အင်အား
ကောင်းလာအောင်တည်ဆောက်တာလည်းပါပါ
တယ်။ မပါဘူး မပြောဘူး။ သို့သော် အဲဒီလိုတပ်
ကိုတည်ဆောက်ရင်း  အာဏာ လက်ထဲမှာကြာ
ရှည်ကိုင်လာတဲ့အခါ  နိုင်ငံရေး သဘာဝအရကို
က နဂိုကမရှိခဲ့ရင်တောင် အလိုလို  အာဏာရှင်
စိတ်ဝင်သွားပါတယ်။ နဂိုက  အကြံရှိပြီးသားဆို
ရင်တော့ ဆိုဖွယ်ရာမရှိပြီပေါ့။

ညောင်နှစ်ပင် ညီလာခံကို   ပုတ်သင်ညိုတွေနဲ့
ချည်းပဲ ညီလာခံမလုပ်ဘဲ တကယ့်စိတ်ကောင်း
စေတနာကောင်းနဲ့ လုပ်ခဲ့ရင်   ဒီ့ထက်ပိုပြီးစော
စောပြတ်နိုင်ပါတယ်။

နောက်တစ်ခုက  အဲဒီအချိန်မှာ  တပ်မတော်က
နိုင်ငံရေးသမားတွေကိုထားတဲ့တရားဝင်သဘော
ထားကိုက ရန်သူလို ဆက်ဆံနေတာ ဖြစ်တယ်။
ညစ်ပတ်တယ်၊ ယုတ်မာတယ်၊   ဖမ်းစရာမရှိတဲ့
သူ (ဆရာဝန်တစ်ဦး) ကို အိမ်ဦးခန်း ဘုရားခန်း
ထဲက ပါကေးကို ကျွန်းသားနဲ့ ခင်းထားလို့ဆိုပြီး
ဖမ်းတယ်။ စဉ်းစားကြည့်ဗျာ။  ဘယ်သူကလေး
စားမလဲ။ လူလေးစားခံချင်ရင် လေးစားခံရတဲ့အ
လုပ်ကိုလုပ်မှ လေးစားမှာပေါ့။

နိုင်ငံရေး အထူးသဖြင့် NLD ပါတီဝင်တွေဆိုရင်
အပြစ်မရှိ အပြစ်ရှာဖမ်းတာ။ NLD ပါတီဝင်တစ်
ဦး ဆီစက်/ ဆန်စက်ရှိသလား၊ လည်လို့မရဘူး။
လည်ချင်ရင် ပါတီကထွက်။ မော်တော်ရှိသလား
ထွက်လို့မရဘူး၊ မော်တော်ထွက်ချင်ရင် ပါတီက
ထွက်။ နောက်ဆုံး ကော့သောင်းမှာ NLD ပါတီ
ဒုဥက္ကဌကိုထောက်လှမ်းရေးကဘာပြောသလဲ
ဆိုတော့ "ခင်ဗျားတို့ အစိုးရကိုပုန်ကန်နေတာပဲ
မဟုတ်လား၊ ဒီတော့ ခင်ဗျားတို့သားသမီးတွေ
လည်း ဒီအစိုးရဖွင့်ထားတဲ့ကျောင်းတွေမှာမနေ
ခိုင်းနဲ့၊  မထားနဲ့လေဗျာ" တဲ့။   အစွမ်းကုန်ယုတ်
မာတယ်၊ မိုက်ရိုင်းတယ်၊ အောက်တန်းကျတယ်။

လကရ (၂) ကထွက်တဲ့ဆရာကြီးသားသမီးနှစ်
ယောက်ကို လူမှားပြီးဖမ်းတယ်။ ဟိုက ဘာနိုင်ငံ
ရေးမှစိတ်မဝင်စားဘူး။ ထောက်လှမ်းရေးတချို့
ကလည်း မှားပြီးဖမ်းထားပြီးရင် သူမှားပါတယ်
လို့ ဝန်ခံချင်စိတ်ရှိဟန်မတူဘူး။ ဒီတော့ထောင်
ချပစ်လိုက်တယ်။ စစ်သားသားသမီးကောင်လေး
ညီအစ်ကိုနှစ်ယောက် ထောင်ကထွက်လာတော့
NLD ထဲ ဝင်ပစ်လိုက်ကြတယ်။

ထောက်လှမ်းရေးခေတ်မှာ  ထောက်လှမ်းရေး
က ထင်တိုင်းကျဲတယ်။ ထောက်လှမ်းရေးဖြုတ်
လိုက်တဲ့ခေတ်မှာ စစ်တိုင်းမှူးတွေထင်တိုင်းကျဲ
ကြတယ်။

တကယ်တော့  တပ်မတော် ပြန်လည်ဖွဲ့စည်းဖို့
အားယူဖို့ဆိုတာ အခုလောက် ၂၂ နှစ်အထိကို
ကြာစရာမလိုဘူး။ ကျွန်တော်ပြောသလိုပဲ လူ
သားစားလိုက်ရတဲ့ကျားလို အရသာသိသွားကြ
တာ။ အာဏာကို ယစ်မူးသွားတာ။ ပိုက်ဆံလည်း
ရ၊ လူတွေကလည်းကြောက် (တကယ်ကရွံနေ
တာ၊ ရွံကြောက်ကြီး၊ လေးစားကြောက်ရွံတာမ
ဟုတ်ဘူး။) ဆိုတော့ တော်တန်ရုံမဆင်းချင်ဘူး
ဖြစ်သွားတာ။

ဒဲ့ပြောမယ်။ ဦးသန်းရွှေလက်ထက်မှာ ဖြုတ်ပစ်
ခဲ့တဲ့ စစ်တိုင်းမှူး ၄ ယောက်မှတ်မိမယ်ထင်ပါ
တယ်။ ဘယ်လောက် ချမ်းသာတယ်ထင်နေသ
လဲ။ ကြောက်ခမန်းလိလိ ချမ်းသာတယ်။ ပြော
ချင်တာ အာဏာယစ်မူးသွားတဲ့အတွက် အာဏာ
ဆုပ်ကိုင်ထားတဲ့အချိန် ပိုပြီးကြာသွားတယ်။

တိုင်းပြည်အတွက်မလုပ်ဘူးမပြောဘူးနော်။ စိတ်
ထဲမှာရှိသလို နိုင်သလောက်လုပ်ချင်လုပ်ပါလိမ့်
မယ်။ ဒါ သက်သက်ညှာညှာဝေဖန်တာ။

တချို့ဝါဒဖြန့်သလို  လမ်းတွေဖောက်၊ တံတား
တွေဆောက်၊ တက္ကသိုလ်ကြီးတွေ ဆောက်ခဲ့
တာတွေ အများကြီးဆိုတာ မှန်ပါတယ်။ တစ်ခု
ဆောက်ရင် ဘယ်လောက်ကျန်သလဲဆိုတာကို
ရောထည့်တွက်ဖူးသလား။ အဲဒီကာလက အင်
ဂျင်နီယာတစ်ယောက်ကန်ထရိုက်ဆောက်တာ
ကျောက်စရစ်ကျင်းတစ်ခုတည်းကနေ ကုဋေချီ
ပြီးရသွားတာကို အင်ဂျင်နီယာတစ်ယောက်က
ပဲ ကျွန်တော့်ကိုတွက်ပြဖူးတယ်။ ခင်ဗျားတို့အ
ဘတွေဆို ဘယ်လောက်ရမလဲတွက်ကြည့်ပေါ့
ဗျာတဲ့။ စစ်အစိုးရလက်ထက်မှာ estimate တင်
ကတည်းကိုက ၂၀% နဲ့ ၃၀% ကြားပိုတင်ခိုင်း
ထားကြတာတဲ့။ သိန်းပေါင်းတစ်သိန်းကုန်ကျ
မယ့်စီမံချက်ကြီးတစ်ခုဆိုရင် ကိုယ့်အတွက်က
၂၀%   တွက်ထားရင်တောင်မှ သိန်းပေါင်း ၂
သောင်းကျန်မယ်ပေါ့ဗျာ။ ထားလိုက်ဦး။

အစိုးရကိုသာ မပုန်ကန်နဲ့ အထက်တန်းရော
တက္ကသိုလ်တွေပါ အကုန်အအောင်ပေးလိုက်။
အကျများရင် ထုချေလွှာတောင်းတယ်။ မြန်မာ
ပြည်မှာ micro ဆိုတဲ့စာရွက်သေးသေးလေး
တွေ စာမေးပွဲပြီးတိုင်း ပလူပျံနေတာ စစ်အစိုး
ရလက်ထက်မှာပါ။ ပညာရေးအပါအဝင် ဝန်
ထမ်း (ဌာနဆိုင်ရာ) အားလုံးကို ဖျက်ဆီးပစ်
တယ်။ အသွင်ပြောင်းလာတဲ့သူတွေထဲကနေ
ယုတ်မာတဲ့ဘောင်းဘီချွတ်တွေဟာ ဝန်ထမ်း
တွေကို ကောင်းကောင်းပညာပေးတယ်။ သွား
လေရာ မယားငယ်ခေါ်သွားတဲ့ အရပ်ဘက်
ပြောင်းစစ်ဗိုလ်လူထွက်တွေတောင်ရှိတယ်။

အင်္ဂလိပ်လက်ထက်ကတည်းကရှိခဲ့တဲ့ဥပဒေ
တွေကို လက်တစ်လုံးခြား လုပ်ပြီး  ထွေအုပ်နဲ့
မြေစာရင်းကိုမဟုတ်တမ်းတရားလုပ်ခိုင်းတယ်။
ဟိုက မရဘူးလို့ပြောရင် ရေဘူးပေါက်တာမလို
ချင်ဘူးရအောင်လုပ်ဆိုပြီး ခိုင်းတယ်။ စစ်တပ်
က အမဲသားကျွေးပြီးမွေးခဲ့တဲ့ ထွေအုပ်နဲ့မြေ
စာရင်းဆိုတာ အခုအချိန်မှာ အစွယ်တစ်တောင်
လောက်ထွက်ပြီး တစ်ကိုယ်လုံးအမွှေးဖုံးနေတဲ့
သရဲသဘက်စစ်စစ်ဖြစ်သွားပြီ။ ဆရာမနိုင်နှစ်
ဆောင်ပြိုင်ဖြစ်သွားပြီ။ မဆလ ခေတ်ကအစိုး
ရဌာနတွေ အဲဒီလိုမပျက်စီးသေးဘူး။ လုပ်လည်း
မလုပ်ရဲဘူးလို့ဆိုတယ်။

တိုင်းပြည်တစ်ပြည်လုံး စစ်ဖေဖေနဲ့ စစ်မေမေ
က အမွေပေးခဲ့သလို ထင်တိုင်းကျဲတော့တာပဲ။
ဘယ်လိုလုပ်ချစ်မလဲ။

ဒါကို ၈၈ အရေးအခင်းမှာအာဏာမသိမ်းပဲပစ်
ထားလိုက်လို့ အငေါ်တူးလို့မရဘူး။ ပစ်ထားရင်
တာဝန်မကျေတဲ့စစ်တပ်၊ ကျက်သရေမရှိတဲ့စစ်
တပ်ဖြစ်သွားမှာပေါ့။ သိမ်းတာကသိမ်းရမယ့်အ
ချိန်ဆိုသိမ်းရမှာပဲ။ ဒါပေမဲ့ အာဏာအကြာကြီး
ဆုပ်ကိုင်ထားဖို့မလိုဘူး။ ဆုပ်ကိုင်ထားခွင့်လည်း
မရှိဘူး။

ဒီကနေ့ စစ်တပ်မှစစ်တပ်ဖြစ်နေတဲ့ မျိုးဆက်သစ်
စစ်ဗိုလ်တွေကိုတော့ ကျွန်တော့်အနေနဲ့ပြောစရာ
စကားမရှိသလောက်ပဲ။

ရုရှားကိုအားကျရင် ရုရှားဘယ်ကလာသလဲဆို
တာ အရင်ကြည့်ဖို့လိုတယ်။ ရုရှားဆိုတာ အရင်
ဆိုဗီယက်ပြည်ထောင်စုဟောင်းက ခေါင်းကိုင်
ဖခင်နေတဲ့နိုင်ငံ။ မြန်မာပြည်လိုပြောရရင် ဗမာ
အများစုနေတဲ့နိုင်ငံလို ရုရှားလူမျိုးအများစုနေတဲ့
နိုင်ငံ။

ရုရှားအခုလို တိုးတက်လာအောင်မရုန်းခင်မှာ
ဆိုဗီယက်ပြည်ထောင်စုဟောင်းက အရင် ၁၅
နိုင်ငံကိုခွဲထွက်ခွင့်ပေးလိုက်တယ်။ ရုရှားအများ
စုရှိတဲ့ ရုရှားတစ်မျိုးတည်းလို့ဆိုရမယ့်နိုင်ငံကို
ပြန်ပြီး ထူထောင်တယ်။ မြန်မာနိုင်ငံမှာ အဲဒီလို
အခြေအနေရှိသလား။

ဗမာမဟုတ်တဲ့တိုင်းရင်းသားအားလုံးကို ရုရှား
ကခွဲထွက်ခွင့်ပေးလိုက်သလို ခွဲထွက်ခွင့်ပေးနိုင်
သလား။ ပေးနိုင်ရင်တော့ တစ်မျိုးစဉ်းစားလို့ရ
တယ်။ မပေးနိုင်ဘဲနဲ့ ရုရှားလို နာမည်ခံဒီမိုက
ရေစီလုပ်လို့ ဘယ်လိုမှမအောင်မြင်နိုင်ဘူး။

အခုစစ်တပ်ဟာ အရင်စစ်တပ်မဟုတ်ဘူးဆို
တာ လူတွေကြည့်ပြောရင်တော့ ဟုတ်တယ်။
ဒါပေမဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အာဏာအလွဲသုံး
စားလုပ်တာတို့ လာဘ်စားတာတို့ပြောရင်လက်
ရှိတပ်မတော်က အရာရှိငယ်တချို့က အဲဒါအ
ရင်လူတွေလို့ မကြာခဏပြောလေ့ရှိတယ်။

ကိုင်း ... အခု သိန်းကိုသောင်းနဲ့ချီတဲ့ ဖားကန့်
ကိစ္စပေါ်လာတော့ ဘာပြောမလဲ။ ဒါတောင်ဒီ
ကိစ္စဟာ မရှုနိုင်မကယ်နိုင်ဖြစ်လို့ ပေါ်လာတဲ့
ကိစ္စဖြစ်တယ်။ ပေါ်မလာဘဲ ရေထဲမှာမြုပ်နေ
တဲ့ရေခဲတုံးကြီးက ဘယ်လောက်  အတိုင်းအ
တာ ပမာဏရှိမလဲ မပြောနိုင်ဘူး။

မကြာသေးခင်က လူငယ်တစ်ယောက်  တင်
ထားတာတွေ့လိုက်ရတယ်။ လက်ရှိတပ်ထဲက
တချို့ဟာ လက်ရှိတပ်ချုပ်ကိုဝေဖန်နေပြီး ဒီ
တပ်ချုပ်ဆင်းသွားတာနဲ့ စစ်အာဏာပဲပြန်သိမ်း
ရမလိုလိုဘာလိုလို အတိတ်စိမ်းပေးနေတာမျိုး
တွေ့ရတယ်လို့ဆိုတယ်။

ခပ်ရိုင်းရိုင်းပြောမယ် သေနတ်ရှိရင် အာဏာ
သိမ်းလို့ရတာပေါ့။ သိမ်းလေ။ သိမ်းရင် ဘာ
ဖြစ်သွားမလဲသိချင်လား။

လက်ရှိကိုယ့်နိုင်ငံအခြေအနေရော  သိလား။
အပေါစားဖာတန်းက အပေါစားဖာသည်မအိမ်
မှာ အိမ်ဖော်လုပ်နေရတဲ့အဆင့်ပဲရှိတယ်။ ဖာ
မဟုတ်ဘူးနော်။ ဖာရဲ့ ခိုင်းဖတ်အဆင့်ပဲရှိတယ်။
အထက်တန်းစားဖာရဲ့ ခိုင်းဖတ်မဟုတ်ဘူး။

နောက်ထပ်တစ်ခေါက်စစ်အာဏာသိမ်းပြီး အဲ
ဒီလိုပဲ အာဏာယစ်မူးနေလို့ကတော့ အဲဒီလိုအ
ပေါစားဖာအိမ်က ခိုင်းဖတ်ဘဝထက်ဆိုးတဲ့လမ်း
ဘေးအဆင့်ကိုရောက်သွားမယ်။ လောလော
ဆယ် ဖောက်သည်လာရင် ရေသန့်ဘူးသွားချ
ပေးလို့ ဘောက်ဆူးလေးဘာလေး  ရနိုင်သေး
တဲ့အဆင့်။

ကိုယ့်ကိုယ်ကိုယ် သိပ်မာန်တက်မနေနဲ့။ ကိုယ့်
တိုင်းပြည်အဆင့်သိချင်ရင် တိုင်းပြည်ရဲ့အပြင်
ကိုထွက်ကြည့်။

စစ်သားဆိုတာ ပြည်သူကျွေးတဲ့ထမင်းကိုစား
နေရတာ။ ဒါကိုမှလက်မခံနိုင်ဘဲ တစ်ထီးတစ်
နန်းလုပ်ချင်လာပြီဆိုရင် အဲဒီတိုင်းပြည်ကြမ္မာ
ဆိုးဝင်တာပဲ။

စစ်ဗိုလ်ချုပ်တွေ အဟောင်းရော အသစ်တွေ
ပါ အကုန်လို ဗိုလ်ချုပ်အောင်ဆန်းလိုလူတွေ
ဟိုချီမင်းလိုလူတွေချည်းဖြစ်နေရင် ဘယ်ပြည်
သူက မုန်းတီးမှာလဲ။ သိပ်မြင့်လွန်းနေရင်ထပ်
လျှော့လိုက်ဦးမယ်။   တရုတ်စစ်တပ်လောက်
သာ  အရှက်တရားနဲ့  စည်းကမ်းရှိရင် မြန်မာ့
တပ်မတော်ကို ဘယ်သူမှ မမုန်းဘူး။

လောကကြီးမှာ   ချစ်တာပဲဖြစ်ဖြစ် မုန်းတာပဲ
ဖြစ်ဖြစ် အကြောင်းမရှိဘဲအကျိုးဖြစ်မလာဘူး
ဆိုတာကိုတော့ သတိချပ်ဖို့လိုပါတယ်။

ပြောတာတို့ ကြွေးကြော်တာတို့ကတော့ တ
ကယ့်ရွှေနိုင်ငံ၊ အာဇာနည်ဗုဒ္ဓဘာသာအမျိုး
သားတိုင်းပြည်ပဲ တစ်ပြားမှမလျှော့ဘူး။ လူ
မျိုးစိတ်ဓာတ်ကိုသိချင်ရင်တော့ ရုံးကန္နားတစ်
ခေါက်လောက်သွားကြည့်။ သိလိမ့်မယ်။

ခေတ်အဆက်ဆက်ကဖျက်ဆီးခဲ့တဲ့ အဲဒီဝန်
ထမ်းတွေကို NLD အစိုးရလည်း မနိုင်ဘူး။
ဖြုတ်ပစ်လို့ပြောရင် တစ်တိုင်းပြည်လုံးနီးပါး
ဖြုတ်ပစ်မှသာရမယ်။

အတော် အကုသိုလ်များတဲ့ တိုင်းပြည်။

ရဲကျော်သူရ

ဝိသုဒ္ဓိ ၇-ပါး

🙏🌷🙏🌷 ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။  (၁)#သီလဝိသုဒ္ဓိ ဖြင့် သီလကို စင်ကြယ်စေရ၏။ (၂)#စိတ္တဝိသုဒ္ဓိ ဖြင့်...